မလေးသျှားကဂိန်းစတားတစ်ယောက်ပုံပါ

မလေးသျှားကဂိန်းစတားတစ်ယောက်ပုံပါ
Mr.aungmyo

Thursday 25 August 2011

ပိဋကတ်သုံးပုံဆိုသည်မှာ

ကျနော်ဖတ်မိသမျှ မှတ်မိသမျှလေးကို မျှဝတဲ့သဘော ပါခင်ဗျာ။ မှားယွင်းမှု့များရှိခဲ့ရင် ဝေဖန်ထောက်ပြပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။ ၁။ ဝိနည်းပိဋက ၂။ သုတ္တန်ပိဋက ၃။ အဘိဓမ္မာပိဋက တို့ဖြစ်ကြပါသည်။


၁။ ဝိနည်းပိဋက

ဝိနည်းပိဋကဆိုသည်မှာ သာသနာ့ဝန်ထမ်းရဟန်းတော်များ လိုက်နာကျင့်ကြံရမည့် ကျင့်ဝတ်၊ စည်းကမ်းများကို စုစည်းဖော်ပြထားခြင်းဖြစ်ပါသည်။ သိက္ခာပုဒ်တော်ပေါင်း (၂၂၇)သွယ် ရှိပါသည်။ ဒီဆရာတော်ကြီးဟာ ဖြင့် ဝိနည်းနဲ့အရမ်းညီလိုက်တာတို့၊ ဝိနည်းတော်နှင့်အညီ ချုပ်ထားသော သင်္ကန်းတို့ ဆိုပြီး ကျွန်တော်တို့ ကြားဖူးနေကြ စကားတွေ ရှိတယ်မဟုတ်လား။ အဲဒါဟာ ယခု (၂၂၇)သွယ်သော စည်းကမ်းတွေကို လိုက်နာစောင့်ထိန်းတာကို ပြောတာပါ။ ဘဘဦးသုခရိုက်တဲ့ ရဟန်းစားသောဆွမ်းတနပ်"စတဲ့ ဇာတ်လမ်းတွေဟာ ယခုသိက္ခာပုဒ်တော်တွေ အကြောင်းကို ရိုက်ကူးတင်ပြထားတာပါ။ ကျွန်တော်တို့ ရဟန်းခံရာတွင်လည်း ဤသိက္ခာပုဒ်တော်များကို စောင့်ထိန်းကြရမှာပါ။

၂။ သုတ္တန်ပိဋက

သုတ္တန်ပိဋက ဆိုသည်မှာ မြတ်စွာဘုရားရှင်သည် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတွေရဲ့ အကျင့်စရိုက်၊ အသိဉာဏ်၊ အလိုဆန္ဒတို့နဲ့ သင့်မြတ်အောင် ဥပမာသာဓကများနှင့် ဟောကြားတော်မူထားတဲ့အတွက် လူများနဲ့ ပိုမိုနီးစပ်ပြီး နားလည် သဘောပေါက်လွယ်ကြပါသည်။ သာမန်ပုဂ္ဂိုလ်တို့အတွက် အသင့်လျော်ဆုံးတရားလည်းဖြစ်ပါသည်။ သုတ်တော်ပေါင်း (၁၇၅၀၅)သုတ် ရှိပါသည်။ သတိပဌာန်တရား၊ အာနာပါနရှုနည်းများ၊ ဈာန်ဝင်စားခြင်း အစရှိသည်တို့မှာ သုတ္တန်ပိဋကတ်တော်တွင် ပါဝင်ပါသည်။ ကျွန်တော်တို့ ရွတ်ဖတ်ကြသော ပရိတ်ကြီး (၁၁)သုတ်သည်လည်းကောင်း၊ မိဘဝတ်၊ သားသမီးဝတ် အစရှိသည်တို့သည်လည်းကောင်း သုတ္တန်ပိဋကတ်တော်မှပင် ဖြစ်ပါသည်။ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများသည် သုတ္တန်ပိဋကတ်တော်မှ ဆင်းသက်လာခြင်းလည်းဖြစ်ပါသည်။ သုတ္တန်တရားတော်များ အားလုံးကို အတိုအရှည်အလိုက်၊ တရားသဘောအလိုက် နိကာယ် (၅)ရပ် ဟူ၍ ခွဲခြားထားပါသည်။
၁။ ဒီဃနိကာယ်
၂။ မဇ္စျိမနိကာယ်
၃။ သံယုတ္တနိကာယ်
၎။ အဂုင်္တ္တရနိကာယ်
၅။ ခုဒ္ဒကနိကာယ် - တို့ ဖြစ်ကြပါသည်။ ဆရာတော်များ တရားဟောကြားရာတွင် - နိကာယ်၊ - သုတ်တော်မှာ လာသော - ဇာတ်ကြောင်းကို တန်ဆာဆင်ဟောကြားအပ်သော - တရားတော်ဟူ၍ နာကြားဖူးကြပါလိမ့်မည်။ (ဥပမာ- ဆရာတော် အရှင်ဆေကိန္ဒ၏ တရားတော်များ)

၃။ အဘိဓမ္မာပိဋက

အဘိဓမ္မာပိဋက ဆိုသည်မှာ ပုဂ္ဂိုလ်တို့၏ အလိုစရိုက်တို့ကို ဦးစားမပေးဘဲ ဓမ္မသဘာဝတို့ကို အရှိသဘောအတိုင်း ပြည့်စုံကုန်စင်အောင် ပညာသက်သက်ဖြင့် ဟောကြားတော်မူထားခြင်းဖြစ်ပါသည်။ အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားရှင်သည် မယ်တော်မာယာဒေဝီဖြစ်ခဲ့ဖူးသည့် နတ်သားအား မွေးကျေးဇူးဆပ်သည့်အနေဖြင့် နတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူခဲ့ပါသည်။ အဘိဓမ္မာပိဋက တွင်
၁။ ဓမ္မသင်္ဂဏီကျမ်း
၂။ ဝိဘင်္ဂကျမ်း
၃။ ဓါတုကထာကျမ်း
၎။ ပုဂ္ဂလပညတ်ကျမ်း
၅။ ကထာဝတ္ထုကျမ်း
၆။ ယမိုက်ကျမ်း
၇။ ပဌာန်းကျမ်း - ဟူ၍ ကျမ်းပေါင်း (၇)ကျမ်း ရှိပါသည်။ ကျွန်တော်တို့ ရွတ်ဖတ်ပူဇော်ကြသော ပဌာန်းတရားတော်မှာ အဘိဓမ္မာပိဋကမှ သတ္တမြောက်ကျမ်းပင်ဖြစ်ပါသည်။

သံဃာတော်များ ပိဋကတ်သုံးပုံစာမေးပွဲ ဖြေဆိုကြသည်မှာ ဤပိဋကတ်သုံးပုံကို ရေးဖြေရော၊ အာဂုံ(အလွတ်ရွတ်ဆိုခြင်း)ပါ ဖြေဆိုကြခြင်းဖြစ်ပါသည်။

ဖတ်မိမှတ်မိသမျှ

Saturday 20 August 2011

ဗုဒ္ဓ၏နောက်ဆုံးစကား

နောက်ဆုံးစကား
သင်္ခါရသဘောတို့သည် ပျက်စီးခြင်းသဘောရှိကြသည်၊
 သင်ချစ်သားတို့ မမေ့မလျှော့သော သတိတရားတို့ဖြင့်
အားထုတ်ကြကုန်လော့

မမေ့အပ်သော ဗုဒ္ဓ သြ၀ါဒ
အားကိုးရာအစစ်ကား
ဗုဒ္ဓ၊ ဓမ္မ၊ သံဃ။
မိတ်ဆွေအစစ်ကား
ကံ၊ ဥာဏ်၊ ၀ီရိယ။
ရန်သူအစစ်ကား
လောဘ၊ ဒေါသ၊ မောဟ။
နေ့စဉ်အလုပ်ကား
ဒါန၊ သီလ၊ ဘာဝနာ။
အမြဲနှလုံးသွင်းရန်ကား
အနိစ္စ၊ ဒုက္ခ၊ အနတ္တ။
အမြဲလက်ကိုင်ထားရန်ကား
ခန္တီ၊ မေတ္တာ၊ သစ္စာ။

ဗုဒ္ဓသြ၀ါဒ...
အမျက်ထွက်သူကို
အမျက်မထွက်သူက
အမြဲနိုင်၏။
မကောင်းပြောသူကို
အကောင်းပြောသူက
အမြဲနိုင်၏။
စေးနဲသူကို
ပေးကမ်းသူက
အမြဲနိုင်၏။
မုသားပြောသူကို
သစ္စာဆိုသူက
အမြဲနိုင်၏။

ဗုဒ္ဓဟောမြွက်တရားဦးဓမ္မစက်
ကာမချမ်းသာ၊ သုံးဆောင်တာ၊
ပယ်ခွာရှောင်ရမည်။
မသုံးဆောင်ပဲ၊ ကိုယ်ဆင်းရဲ၊
ဒါလဲရှောင်ရမည်။
စိတ်အလိုကျ၊ လွှတ်ထားက၊
ကာမသုခလ္လိကာနုယောဂါ။
ပင်ပန်းရုံမျှ၊ အားထုတ်က၊
အတ္တကိလမထာနုယောဂါ။
သစ္စာမမြင်၊ မဂ္ဂင်မပါ၊
လေ့ကျင့်ကာဖြင့်၊ ချမ်းသာမြဲမည်၊
ယုံကြည်ဆုံးဖြတ်၊ ယူဆမှတ်၊
သီလဗ္ဗတပင်။
အစွန်းနှစ်သွယ်၊ လမ်းမှားပယ်၊
အလယ်လမ်းမှန် ဖြစ်ပေသည်။
လမ်းမှန်ကိုလျှောက်၊
ဥာဏ်မြင်ပေါက်၊
ဆိုက်ရောက် နိဗ္ဗာန်ပြည်။

အာရုံငါးပါးတို့၌ ငြိတွယ်သူတို့သည်...
ကာမဂုဏ်တို့၌
ကပ်ငြိကုန်သော
ကာမဂုဏ်တို့၌
ငြိတွယ်ခြင်းတို့ဖြင့်
ငြိတွယ်ကုန်သော
သံယောဇဉ်တို့၌
အပြစ်ကို မမြင်ကုန်သော
သံယောဇဉ် ငြိတွယ်ခြင်းဖြင့်
ငြိတွယ်ကုန်သော
သတ္တ၀ါတို့သည်
ပြန့်ပြော လှစွာသော
သြဃကို မကူးနိုင်ကုန်ရာ
အမွန်မြတ်ဆုံး
လောကဓံတရား ရှစ်ပါးတို့နှင့်
တွေ့ကြုံရသောအခါ
မြင့်မြတ်သူ၏စိတ်သည်
မတုန်လှုပ် မစိုးရိမ်၊
ရမ္မက်ကင်း၏
အမျက်ကင်း၏။
ဤတရားလေးပါးသည်
အမွန်မြတ်ဆုံး
မင်္ဂလာတို့ပေတည်း။
သတိပဋ္ဌာန် ကိုယ့်သန္တာန်-
သတိပဋ္ဌာန် ဓမ္မစက်ကို
ဝန်ခံချက်နှင့် တို့မြတ်စွာ
ဟောပုံမိန့်မှာ ထိုတရားကို
ဖြစ်ပွားစေတဲ့ ရှင်လူမှာ
အလွန်ကြာလျှင် ခုနစ်နှစ်နဲ့
ရဟန္တာစစ် ဖြစ်နိုင်ပါ
စွဲမှုကုန်အောင် နာဂါမ်လောက်တော့
ဆိုက်ရောက်မယ်တဲ့ ဧကန်ပါ
မြန်သူဆိုလျှင် ခုနစ်ရက်နဲ့
ထိုမဂ်ဖိုလ်ကို ရနိုင်ပါ
ရဲရင့်ခိုင်မာ ၀န်ခံချက်နှင့်
ဓမ္မစက်ကို ဟောခဲ့ပါ
နိဗ္ဗာန်လိုသူ မယုံမှားနဲ့
မြတ်ဘုရားကို ယုံကြည်တာ
သတိပဋ္ဌာန် ကိုယ့်သန္တာန်
အမြန်ပွားစေရာ
သို့ပွားစေမှ နိဗ္ဗာန်ရ မုချငြိမ်းအေးမှာ။

ထွဋ်ခေါင် ဆရာတော် သြ၀ါဒ
ရွှေပြည်ချမ်းသာ၊ စံချင်ရှာ၊
ဆိတ်ငြိမ်ရာသို့ချင်း။
အနိစ္စကောင်၊ ဒုက္ခကောင်၊
အနတ္တကောင်၊ အသုဘကောင်၊
ထင်အောင်နှလုံးသွင်း။
အနိစ္စတုံး၊ ဒုက္ခတုံး၊
အနတ္တတုံး၊ အသုဘတုံး၊
လုံးလုံးမှတ်ကြမင်း။
ဤသို့ထင်မှ၊ မဂ်လမ်းစ၊
ရမည်မှန်စင်းစင်း။
မဂ္ဂင်ဖောင်ကြီး၊ တက်၍စီးမှ၊
ပြည်ကြီးအမတ၊ နိရောဓ၊
ရမည်မှတ်ကြမင်း။
ယခုဘ၀၊ မသိကြ၊
အမတမည်ခေါ်၊ ရွှေပြည်တော်၊
အစော်မနံလျှင်း။
တောင်ပုလု ဆရာတော်၏ သြ၀ါဒ-
သင်တို့တတွေ
အသိအမှတ်ပြုနိုင်သမျှ
သံသရာပြတ်ကြောင်း ၀ိဇ္ဇာချည်းပဲ၊
အသိအမှတ်မပြုသမျှ
သံသရာလည်ကြောင်း
အ၀ိဇ္ဇာချည်းပဲမှတ်ကြ။
မဟာစည် ဆရာတော် သြ၀ါဒ---
ရိုးဖြောင့်သူ၏ ၀စီကံ-
လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ်
ပကတိ ရိုးသားဖြောင့်မတ်တဲ့
ပုဂ္ဂိုလ်ကတော့ ဟုတ်သလောက်သာ
ရိုးသားစွာ ပြောလေ့ရှိတယ်
အပိုအမို ပုံကြီးချဲ့ပြီးတော့
ဝါကြွား ပြောလေ့မရှိပါဘူး။

ပထမ ရွှေကျင်ဆရာတော် သြ၀ါဒ
စိတ်သည်
တောမျောက်ကဲ့သို့ လော်လီ၏
အလိုမလိုက်ရာ။
ကာလကို လူမစားလျှင်
လူကို ကာလစားသည်။
သည်းခံခြင်း လက်နက်ဆောင်လျှင်
ဒေါသမီးမလောင်၊
ဒုတ် လက်နက်ဆောင်လျှင်
ခွေးဟောင်သည်။

လယ်တီဆရာတော်ကြီး၏ဆုံးမစာ
ငါးအာရုံအင်အစု၊ ခင်မှုနဲ့နေ့ကုန်။
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သေခင်းအငူမှာ၊
ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊
နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာထင်အလင်းရယ်နှင့်၊
နင့်အဖျင့် ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊
မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊
ကောင်းဘို့အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊
အမိုက်နှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင်
အလွဲနှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းကမှ မလိုက်ချင်လျှင်၊
အရှုံးနှင့်ပြင် ရှိသေးလေလိမ့်လား။

စွန်းလွန်း ဆရာတော်ကြီး သြ၀ါဒ
ထိမှု သိမှု ထိုနှစ်ခု သတိကြပ်ကြပ်ပြု၊
ထိတော့သိလိမ့်မယ်၊
သိတဲ့အပေါ်မှာသတိထား။
အလုပ်ကိစ္စအားဖြင့် ထိတော့သိ၊
သိတဲ့အပေါ်မှာသတိထား။

ဝန်းသိုခန္တီး ဆရာတော် သြ၀ါဒ-
ဝိပဿနာအလုပ် တရားအားထုတ်မှုကို
သေနေ့မဦးခင် ကိုယ်ကဦးအောင်
အားထုတ်မှသာ
ဝဋ်ဒုက္ခ ဘ၀ဆိုးအရပ်ရပ်
သံသရာရဟတ်ကြီး အပြီးအပြတ်
လက်စဖြတ်နိုင်ကြပေမည်။

သပြေကန် ဆရာတော် သြ၀ါဒ-
ဥပနီယတိ လောကော အဓုဝေါ။
အိုနာသေဘက်၊ အချေပျက်ဖို့၊
ရက်ဆက်နေ့စဉ်၊ လျင်လျင်မချို့၊
တွင်တွင်ပို့၊ လူတို့မမြဲပါတကား။
အိုဘေးနာဘေး၊ သေဘေးရောက်သော်၊
စောင့်ရှောက်နိုင်သူ၊ ကယ်သူကင်းလျက်၊
သက်သာရေးရာ၊ ပေးနိုင်ဝေးကွာ၊
တို့သူငါ၊ ကိုးရာမဲ့လှချေတကား။
ကိုယ်အမြဲဆိုင်၊ မပျက်နိုင်သည့်၊
ကိုယ်ပိုင်ဥစ္စာ၊ မရှိပါခဲ့၊ ဥစ္စာဟူသရွေ့၊
တစ်နေ့ကျကာ၊ တို့သူငါ၊ စွန့်ခွာသွားရမှာတကား။
သူသူငါငါ၊ လူတကာကား၊
ဥစ္စာဓန၊ ဘယ်မျှပြည့်စုံ၊
ဘယ်ပုံပေါလဲ၊ လျော့မြဲမပို၊
လိုနေစမြဲ၊ မရောင့်ရဲကြ၊
မပြည့်ဝ၊ တဏှာ့ကျွန်ချည့်ပါတကား။

မဟာဂန္ဓာရုံဆရာတော်၏ သြ၀ါဒ
ကုသိုလ်ဥစ္စာ၊ ကျန်းခံ့သာ၍၊
ပညာတန်ခိုး၊ တစ်မျိုးမျိုးမှ၊
အကျိုးမထွက်၊ ထိုနေ့တွက်၊
သက်သက် ၀မ်းနည်းဖွယ်။
တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမသာရ-၏ သြ၀ါဒ
စေတနာကောင်းလျှင် ကံကောင်းမယ်၊
စေတနာဆိုးလျှင် ကံဆိုးမယ်၊
စေတနာယုတ်လျှင် ကံယုတ်မယ်၊
စေတနာမြတ်လျှင် ကံမြတ်မယ်၊
စေတနာဖြောင့်လျှင် ကံဖြောင့်မယ်၊
စေတနာကောက်လျှင် ကံကောက်မယ်၊
စေတနာမွဲလျှင် ကံမွဲမယ်၊
စေတနာဌေးလျှင် ကံဌေးမယ်၊
စေတနာစင်ကြယ်လျှင် ကံစင်ကြယ်မယ်၊
စေတနာညစ်ပတ်လျှင် ကံညစ်ပတ်မယ်၊
စေတနာဖြူလျှင် ကံဖြူမယ်၊

Wednesday 3 August 2011

Internet Connection မြန်လာအောင်

 Internet Connection မြန်လာအောင်
အင်တာနက်ကွန်နက်ရှင်မြန်အောင် လုပ်တဲ့ နည်းလေးပါ ။ ဒါကို ကျွန်တော် အစ က မရေးတော့ဘူးလို့ ဆုံးဖြတ်ထားတာ ။ အကိုတစ်ယောက်ကိုပြောပြတော့ သူက လက်တွေ့စမ်းတာ ထူးခြားလာတယ်.ရေလိုက်ပါဆိုတော့ ကျွန်တော်ကလည်း မနေသာရေလိုက်ရပါကြောင်း :)
စကြတာပေါ့ဗျာ ။ ပထမဆုံး ...
Run box လေးမှာ ဒါလေး ရိုက်ထည့်ထားလိုက်ပါဗျာ ။gpedit.msc  ။ ခဏလေးစောင့်လိုက်ပါဗျာ ။ ပြီးရင်
Folder တစ်ခုတက်လာပါလိမ့်မယ် ။ ပေါ်လာရင်တော့ အောက်ပါအလိုက်တိုင်းပဲ အစဉ်တိုင်းပဲသွားလိုက်ပါဗျာ ။
LocalComputerPolicy-->ComputerConfiguration-->AdministrativeTemplates-->Network-->QOS Packet Scheduler-->Limit Reservable Bandwidth အဲဒီအဆုံးမှာ LImit ကို နှစ်ချက်တိုက်လောက် လင့်ပေးလိုက်ရင် Box (Folder)တစ်ခုတက်လာပါလိမ့်မယ် ။ အဲဒီမှာ Enabled, Bandwidth limit (20) အသီးသီးရွေးပေးလိုက်ပါ ။ ဒါက တစ်နည်းပြီးသွားပြီ ။ အပုံလေး ကြည့်လိုက်ပါဦး
 
ကဲ နောက်တစ်နည်းကတော့ လွယ်ပါတယ် ။ Task bar က အင်တာနက် Connected  to က VPN ကို Right cleck နဲ့ တစ်ချက်လင့်လိုက်ပါ ။ အဲဒီမှာ Properties >>>Configure>>>Hardware featrues မှာ အစက်တွေကို ဖြုတ်ပေးလိုက်ပါ ။ အိုခေ လိုက်ပေါ့ ။ 
 
ကဲ အဆင်ပြေကြမယ်လို့ ထင်ပါတယ်

ဗဟုသုတ

G-talk က offline chat (သူခိုးချက်)ဖမ်းနည်း

ကိုယ့်ရဲ့ G-talk က လူတစ်ယောက်ကို offline အနေနဲ့တွေ့ နေရတယ် ဆိုပါတော့။အဲ့ဒီ့လူက တကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ဒါကို စစ်တဲ့ နည်းလေးရှိပါတယ်။offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါ။
(၁)G-talk မှာကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့  ပုံမှန် ချက် သလိုပဲ ဖွင့်လိုက်ပါ။
(၂)Send voicemail ရယ် Call ရယ်စတဲ့ ခလုပ်တွေ ဘေးနားက အောက်ဘက်ညွှန်ပြနေတဲ့မြှားပုံလေးကို Click လိုက်ပါ။ပြီးရင် Go off the record ကိုနှိပ်ပါ။
(၃)သူ့ကို ပုံမှန်ချက်သလို စာတစ်ခုခု ရိုက်ထည့်ပြီး ချက်ကြည့်ပါ။ဥပမာ...hi...လို့ရိုက်ပြီး ချက်ကြည့်ပါ။
(၄)....@gmail.com is offline and can't receive messages right now. လို့ပေါ်ရင် သူတကယ် offline ဖြစ်နေတာပါ။တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။
(၅)စစ်ဆေးပြီးသွားရင်"Stop chatting off the record" ကိုပြန်နှိပ်ပေးပါ။ဒါမှ နောက်ပိုင်းသူနဲ့ ချက်ရင် Gmail u Chat section rSm Chat history ပြန်ကြည့်နိုင်မှာဖြစ်ပါတယ်။
     သူငယ်ချင်းအားလုံးပဲ ပျော်ရွှင်ကြပါစေနော်။မသိသေးတဲ့ သူငယ်ချင်းတွေ အတွက်ပါ။သိပြီးသား ညီအစ်ကိုမောင်နှမ များက မသိချင်ယောင်လေးဆောင်ပေးကြပါနော်။: