ဖြစ်တေမှု့ ဟိနီရေ
နှလုံးသားချေ တခုက
တောင်းဆိုနီရေ
အချစ်ချေ တခုအတွက်သင်ဆရမဟိရေ
လမ်းကြောင်းချေ တခုကိုငါတယောက်တည်း စမ်းလားမိခဗျာလ်
ဒေလမ်းကြောင်းချေကို.... ငါလားယင်းနန့်
ရစ်ပတ်လာရေ
ကြိုးချေတချောင်းကို
တဖြည်းဖြည်းနန့်ဖြတ်ရခက်နိန်ဗျာလ်
ငါလားရေလမ်း မှားနီရေမှန်း
ငါခရိကျွန်မှ ငါသိခဗျာလ် ဒေလမ်းမှားချေက
ရုန်းထွက်ဖို့အတွက်
နှလုံးသားတစုံက
ငိုလို့ထွက်လာရေ
မျက်ရည်သွှီးစက်ချေတိကို
ငါ့ရဲ့အမျိုး ငါစောင့်ထိမ်းမယ်
စိတ်ချေတခုနန့်
ဖြေသိမ့်လိုက်မယ်.......။
အောင်မျိုး
မူရင်း(lover arakan)
Monday 28 May 2012
ချိုက်ဦးသူချေ........သို့
ရင်မှာမချိုက်ဖူး
ဒေအချိုက်ဦး
ရင်မှာချိုက်တတ် သင်ခပီးရေ
ချိုက်ဦးသူချေ......
မလွမ်းတတ် လွမ်းတတ်
လွမ်းခစွာက ရင်မှာငိုရ
လွမ်းဒဏ်တိက
ချိုမြိန်ရေ....
အို..ချိုက်ဦးသူချေ
ပြန်မလာရေ လမ်း
အမောင်လားခကေလေ့
ဆုတောင်းခပါယင့်
နောက်ဘ၀မှာပြန်ဆုံဖို့။........
အောင်မျိုး
မူရင်း(lover arakan)
ဒေအချိုက်ဦး
ရင်မှာချိုက်တတ် သင်ခပီးရေ
ချိုက်ဦးသူချေ......
မလွမ်းတတ် လွမ်းတတ်
လွမ်းခစွာက ရင်မှာငိုရ
လွမ်းဒဏ်တိက
ချိုမြိန်ရေ....
အို..ချိုက်ဦးသူချေ
ပြန်မလာရေ လမ်း
အမောင်လားခကေလေ့
ဆုတောင်းခပါယင့်
နောက်ဘ၀မှာပြန်ဆုံဖို့။........
အောင်မျိုး
မူရင်း(lover arakan)
ပျံသန်းယင်းနဲ့...
အထပ်ထပ်ခတ်..ပြင်းပြင်းချေ နှင်
လိုရာကို....အချိန်မှီရောက်ဖို့ 
ငါ့ အတောင်တိ ညောင်းချင်လေ့ ညောင်း
အင်အားတိလေ့ ခမ်းချင်လေ့ ခမ်း
အညောင်းတိလဲ... ဆို့ ချင်လဲ ဆို့ 
ငါ လိုရာခရီးကို... မညီးပဲ လားမေ။
နားခိုရာလေ့... ပျောက်ချင်ပျောက်ပါ
အာကာမှာ ပျံယင့်နန့်  နားမေ
ငါလိုရာအရပ်...ရည်မှန်းရာသည်
ထိုးးးးးးးးးအနားက မှုန်မှုန်ချေမြင်နီရရေ
မိုးရိပ်တိနားက... ကြိုးစားခြင်းအတွက်
ပီးအပ်လာဖို့ ...ဆုတစ်ခု
ဒေခရီးတစ်ခုအတွက်... ပီးဆပ်ခြင်းက
အဖိုးတန်ပါရေ။
လူတစ်ယောက်၏... ပီးဆပ်ခြင်းအနှစ်
နားလည်ခြင်း...အသိပိုင်ညာပေါင်းစပ်လို့ 
ဒေပိုင်နန့် ပင်... ကိုယ့်ကိုယ်ကို
အဖေါ်ပြုပနာ... မိုင်သောင်းချီရေ ခရီး
နီးသထက်နီးဖို့ 
မရပ်တန်း ပျံသန်း...ပျံသန်းနီဆဲပါ ...လို့ ။

Friday 18 May 2012
အချစ်သည်သာ....
ဟိုး....အဝေး,
ကြည့်....မြင်...မျှော်...ငေး
တွေးနေရုံမှ အပ ငါတို့ မနီးစပ်နိုင်......။
အဖန်တလဲလဲ
ပြန့်ကွဲပဲ့ကျေ၊ အလွမ်းတွေထဲ
ဆွေးနေရုံမှ အပ ငါတို့ မနီးစပ်နိုင်......။
ရင်အကွဲအက်
ရှင်ကွဲလျက်မို့၊ အမြင်ထဲမရပ်နိုင်လည်း
ငေးနေရုံမှ အပ ငါတို့ မနီးစပ်နိုင်.....။
သစ္စာနဲ့ကတိ
မေတ္တာရဲ့တန်ခိုး...ချစ်ခရီးလမ်း ဆိုးထဲမှာ
ဆူးကြမ်းအမျိုးမျိုးရှိပါစေ..
သည်းသည်းမည်းမည်း...လွမ်း
မိုက်မိုက်ကန်းကန်း...တမ်းတ
ကဲ...ငါ့ဘ၀ကတော့
ချစ်ရတာတစ်ခုတည်းနဲ့...လုံလောက်တယ်....။
ဆက်လက်တင်ပြမှူ့

နားလည်ပေးပါချစ်သူရယ်...
ငါ့ပါးစပ်ကချစ်ပါတယ်ချစ်ပါတယ်လို့တဖွဖွပြောမိရင်
ငါ့ကိုရိုးအီမသွားပါနဲ့နင့်ကိုချစ်တဲ့စိတ်တွေငါ့ရင်နဲ့မဆံ့တော့လို့ဖွင့်ပြောမိတာ
နင်ငါ့ကိုနားလည်ပေးပါ။
နင်ငါ့ကိုချစ်ပါတယ်ဆိုတဲ့စကားကိုထပ်ကာထပ်ကာပြန်ကြားချင်တဲ့အခါ
ငါ့ကိုစိတ်ပျက်မသွားပါနဲ့နင့်နုတ်ဖျားကငါ့ကိုချစ်တယ်ဆိုတဲ့စကားကိုကြားရတိုင်း
အားအင်တွေပြည့်ဝလာပြီးအရာရာကိုရင်ဆိုင်ကျော်ဖြတ်နိုင်လို့
နင်ငါ့ကိုနားလည်ပေးပါ။
နင့်ကိုတွေ့တိုင်းဆွံ့အနေတတ်တဲ့ငါ့ကိုစိတ်မကုန်ပါနဲ့ နင့်ကိုသတိရစိတ်တွေ ချစ်တဲ့စိတ်တွေပြွတ်သိပ်ရင်းနဲ့
အစဖော်မရတာ
နင်ငါ့ကိုနားလည်ပေးပါ။
နင့်နုတ်ခမ်းလေးကိုခဏခဏနမ်းတဲ့အခါငါ့ကိုမငြိုငြင်ပါနဲ့
မတော်တဆနင်ငါ့ကိုထားသွားခဲ့ရင် အဲဒီအနမ်းလေးတွေနဲ့ပဲငါအသက်ဆက်ရမှာမို့
နင်ငါ့ကိုနားလည်ပေးပါ။
နင်နဲ့ဆုံရတိုင်းကျစ်ကျစ်ပါအောင်ဖက်ထားတတ်တဲ့ငါ့ကိုစိတ်မကုန်ပါနဲ့
နင်မရှိရင်မဖြစ်တဲ့ငါ့ဘ၀မှာနင့်ကိုဘယ်လိုမှဆုံးရှုံးမခံနိုင်လို့
နင်ငါ့ကိုနားလည်ပေးပါ။
ချစ်သူများနေ့ရောက်တိုင်းပန်စည်းလှလှလေးတွေ အရုပ်လှလှလေးတွေမပေးနိုင်တဲ့ငါ့ကိုငြီးငွေ့မသွားပါနဲ့
နင့်ကိုသစ္စာရှိရှိချစ်ပြနိုင်တာကလွဲလို့ ချို့တဲ့တဲ့ငါ့ဘ၀အခြေအနေကို
နင်ငါ့ကိုနားလည်ပေးပါ။
လူသူတွေများတဲ့နေရာကိုနင်နဲ့အတူတူတွဲမသွားချင်တာငါ့ကိုတစ်မျိုးမထင်ပါနဲ့
ငါ့ကြောင့်နင့်အသိုင်းအ၀ိုင်း နင့်ဘော်ဒါတွေကြားထဲမှာနင်မျက်နာငယ်ရမှာမို့
နင်ငါ့ကိုနားလည်ပေးပါ။
နင်တခြားသူတွေနဲ့ဖော်ဖော်ရွေရွေစကားပြောနေတိုင်းသ၀န်တိုတတ်တဲ့ငါ့ကိုစိတ်မကုန်ပါနဲ့
ငါ့ရင်ထဲမှာလည်းနင်တစ်ယောက်ပဲရှိလို့နင့်ရင်ခွင်ကိုလည်းငါတစ်ယောက်ပဲပိုင်စိုးချင်တယ်
နင်ငါ့ကိုနားလည်ပေးပါ။
နင်နဲ့ပတ်သက်တဲ့အကြောင်း နင့်ကိုချစ်တဲ့အကြောင်းဘာမဟုတ်တဲ့ငါက
ဖတ်လို့မကောင်းတဲ့ ကဗျာတွေစာတွေလျှောက်ရေးတဲ့အခါနင်ငါ့ကိုစိတ်မကုန်ပါနဲ့
ငါ့အတွေးထဲ..............
ငါ့ရင်ဘတ်ငါ့အသွေးအသားထဲတိုင်းမှာနင့်အကြောင်းတွေပဲပြည့်နေတာမို့
စကားလုံးတစ်လုံးရေးမိတိုင်းနင့်အကြောင်းပဲဖြစ်ဖြစ်နေတာ
နင်ငါ့ကိုနားလည်ပေးပါ...။
ဆက်လက်တင်ပြမှူ....

ဘဝဆိုတာ.....
အားတင်းရင်းနဲ့.......
သုညတွေကစခဲ့ရတဲ့ ဘဝ
ခဏတာတွေများလာတော့လည်း
ဖျော့တော့တော့ အရောင်မှိန် ခြင်းတွေဟာ
သိမ်ဖျင်းမှုတွေနဲ့ အတူတကွ
မလောက် မငှ နေရာယူလို့လာကြတယ်
ကံမျက်စိလည်ခြင်းတဲ့
ပယ်ကွင်း ပြီးသွားရော့ လား
တစ်ကျပ်တန်သာသာရှိတဲ့
ငါ့ မနက်ဖန်တွေဟာ
လေဟာနယ်ထဲကမီးဇာတစ်ခုလို
စိတ်ရှိတိုင်း လောင်ကျွမ်းခွင့် မရခဲ့ပါဘူး
အားတင်းရင်းနဲ့ ......
ဒါဘ၀ပဲ
တစ်ခါတစ်လေ
လေပြေလေညင်းတွေရှိသလို
တစ်ခါတစ်လေ
မုန်တိုင်းတွေလည်းထန်မှာပေါ့
လဲကျသွားရင်ပြန်ထရမယ်
စိတ်ညစ်ရတဲ့ အခါကြုံသလို
ပျော်ရွှင်ရတာတွေလည်းရှိပါတယ်
ငိုကြွေးရတာတွေနဲ့ အတူ
ရယ်မောခြင်းတွေလည်းရှိပါရဲ့
နှိမ့် ချည်မြင့် ချည်
လင်းလိုက်မှောင်လိုက်
အားတင်းရင်းနဲ့ .......
ဘာဖြစ်လဲ??
တချို့ အရာတွေ ဟာ
ဆန့်ကျင် ဘက်ဆိုးကျိုးတွေကြောင့်
ဂုဏ်သတ္တိတွေ တန်ဘိုးတွေမြင့်လာကြတာ
မှောင်မှိုက်ခြင်းတွေသာ မရှိခဲ့ ရင်
အလင်းရောင်ဟာ
ဒီလောက်တန်ဘိုးရှိမယ် မထင်ဘူး
ဝမ်းနည်းမှုတွေကြောင့်သာ
ငါတို့ရဲ့ ပျော်ရွှင်ချိန်တွေ ဟာ
အရသာရှိရှိနဲ့ချိုမြိန်နိုင်တာ
ကျရှုံးမှုတွေကြားကမှ
တန်ဘိုးအရှိဆုံး အောင်မြင်မှုကို
ထုဆစ် လုယူရ မှာပေါ့
ပစ္စုပန် ရဲ့ ခက်ခဲတဲ့ အချိန်တွေဟာ
အနာဂတ်ရဲ့ ၀မ်းနည်းဖွယ် ပုံပြင်ကောင်းလေးတွေပါ....ပဲလေ
အားတင်းရင်းနဲ့...
ဆက်လက်တင်ဆက်မှူ
အောင်မျိုး
ချိုမြိုင်တဲ့ဒုက္ခ
ဘ၀ခရီးလမ်းပေါ်မှာ...........
မှီထားစမ်းချစ်သူ။
ပခုံးတစ်ဖက်က......မင်းအတွက်
အမောဖြေရာ တစ်နေရာပေါ့..........
ဆုပ်ကိုင်ထားတဲ့ တို့လက်တွေသာ.....ခိုင်မြဲပါစေ။
နားလည်မူ အသင်္ချေက
အောင်မျိုးတို.အတွက်..ရိုးမသွားစေရပါဘူး
ကြိုးစားပါမယ်..............
တိုးပွားလာတဲ့ မြတ်နိုးခြင်းတွေနဲ........
အေးတူပူအမျှ.............
ယုံကြည်မှုတစ်ခုကို ပုံအပ်ပါတယ်ချစ်သူရယ်
ကတိတစ်ခုကိုကိုးစားလို့
တစ်ဘ၀လုံးရိုးသားစွာနေသွားကြရအောင်လား ချစ်သူရယ်...............မျော်လင့်ချက်ပါ......။

please..။
အို...အမုန်းတရား
ငါ့နှလုံးသားတံခါးကိုလာမခေါက်ပါနှင့်
နှစ်ခြိုက်စွာအိပ်နေပါစေလေ။
အကယ်၍...
မတော်တဆနိုးထလာတဲ့အခါ
ဝေဒနာတွေကိုအဖြေရှာတတ်ဖို့ထက်
နေသာအောင်မေ့ဆေးတွေသောက်သုံးတတ်ဖို့
လမ်းညွှန်လိုက်ပါလေ
ပျောက်ဆုံးသွားတဲ့အပျော်နေ့ရက်တွေအတွက်။
ဆက်ရန်ရှိတဲ့မနက်ဖြန်တွေမှာ
တစ်ကွက်ချန်တတ်တဲ့သူတွေနှင့်
ပေးမတွေ့လိုက်ပါနဲ့
သစ္စာခံနှလုံးသားမို့
မေတ္တာအမည်ခံကြေးစားတွေကိုမုန်းပါသည်။
အို...အမုန်းတရား
ကျေးဇူးပြု၍...
ငါ့နှလုံးသားတံခါးကိုလာမခေါက်ပါနှင့်
နှစ်ခြိုက်စွာအိပ်နေပါစေလေ။
ဆက်လက်တင်ပြမှူ့
အောင်မျိုး
ငါ့နှလုံးသားတံခါးကိုလာမခေါက်ပါနှင့်
နှစ်ခြိုက်စွာအိပ်နေပါစေလေ။
အကယ်၍...
မတော်တဆနိုးထလာတဲ့အခါ
ဝေဒနာတွေကိုအဖြေရှာတတ်ဖို့ထက်
နေသာအောင်မေ့ဆေးတွေသောက်သုံးတတ်ဖို့
လမ်းညွှန်လိုက်ပါလေ
ပျောက်ဆုံးသွားတဲ့အပျော်နေ့ရက်တွေအတွက်။
ဆက်ရန်ရှိတဲ့မနက်ဖြန်တွေမှာ
တစ်ကွက်ချန်တတ်တဲ့သူတွေနှင့်
ပေးမတွေ့လိုက်ပါနဲ့
သစ္စာခံနှလုံးသားမို့
မေတ္တာအမည်ခံကြေးစားတွေကိုမုန်းပါသည်။
အို...အမုန်းတရား
ကျေးဇူးပြု၍...
ငါ့နှလုံးသားတံခါးကိုလာမခေါက်ပါနှင့်
နှစ်ခြိုက်စွာအိပ်နေပါစေလေ။
ဆက်လက်တင်ပြမှူ့
အောင်မျိုး
မျော်လင့်ချက်ချစ်သူလက်တွေ့ဘဝ
မျှော်လင့်ချက် အတိုင်းအဆ မဲ့စွာ
ထားခဲ့မိလို့,
အားခဲ ကြည့်တာတောင် မမြင်နိုင်တော့ဘူး...။
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့
ငါ့ တစ်ဘ၀လုံး သိမ်းကျုံးပုံအပ်ခဲ့တာပါ ကွယ်....။
“မေ့လိုက်တော့” ဆိုတဲ့ နင့်စကား
ရက်ရက်စက်စက်ခါး ပေမယ့်
ပုံပြင်လို.....မှတ်
အိပ်မက်လို...ထင်
မျက်ရည်စက်တွေကြားထဲမှာပင်
ငါ,
ပျော်နေချင်သေးတယ်...။
နှလုံးသားမှာ၊ အမြစ်တွယ် လှိုက်စားသမျှ
အရှုံးနဲ့သာ နေရတဲ့....ငါ့မှာ
အခုတော့...
ဘယ်ကို သွားသွား၊ ဘယ်နား...နေနေ
စိတ်တွေ လေသမျှ၊ သတိရစွာ
အနားမှာဝဲ၊ အမြင်စွဲလို့
ပယ်...ဖျက်....တွေး...ဆွေး
ဒီ နှလုံးသားလေးကို နင်နဲ့ ဝေးဝေး ထားတော့မယ်....။
ဆက်လက်တင်ဆက်မှူ့

Thursday 10 May 2012
Subscribe to:
Posts (Atom)