အို...အမုန်းတရား
ငါ့နှလုံးသားတံခါးကိုလာမခေါက်ပါနှင့်
နှစ်ခြိုက်စွာအိပ်နေပါစေလေ။
အကယ်၍...
မတော်တဆနိုးထလာတဲ့အခါ
ဝေဒနာတွေကိုအဖြေရှာတတ်ဖို့ထက်
နေသာအောင်မေ့ဆေးတွေသောက်သုံးတတ်ဖို့
လမ်းညွှန်လိုက်ပါလေ
ပျောက်ဆုံးသွားတဲ့အပျော်နေ့ရက်တွေအတွက်။
ဆက်ရန်ရှိတဲ့မနက်ဖြန်တွေမှာ
တစ်ကွက်ချန်တတ်တဲ့သူတွေနှင့်
ပေးမတွေ့လိုက်ပါနဲ့
သစ္စာခံနှလုံးသားမို့
မေတ္တာအမည်ခံကြေးစားတွေကိုမုန်းပါသည်။
အို...အမုန်းတရား
ကျေးဇူးပြု၍...
ငါ့နှလုံးသားတံခါးကိုလာမခေါက်ပါနှင့်
နှစ်ခြိုက်စွာအိပ်နေပါစေလေ။
ဆက်လက်တင်ပြမှူ့
အောင်မျိုး
No comments:
Post a Comment