မလေးသျှားကဂိန်းစတားတစ်ယောက်ပုံပါ

မလေးသျှားကဂိန်းစတားတစ်ယောက်ပုံပါ
Mr.aungmyo

Friday, 18 May 2012

ဘဝဆိုတာ.....


အားတင်းရင်းနဲ့.......
သုညတွေကစခဲ့ရတဲ့ ဘဝ



ခဏတာတွေများလာတော့လည်း



ဖျော့တော့တော့ အရောင်မှိန် ခြင်းတွေဟာ



သိမ်ဖျင်းမှုတွေနဲ့ အတူတကွ



မလောက် မငှ နေရာယူလို့လာကြတယ်



ကံမျက်စိလည်ခြင်းတဲ့



ပယ်ကွင်း ပြီးသွားရော့ လား



တစ်ကျပ်တန်သာသာရှိတဲ့



ငါ့ မနက်ဖန်တွေဟာ



လေဟာနယ်ထဲကမီးဇာတစ်ခုလို



စိတ်ရှိတိုင်း လောင်ကျွမ်းခွင့် မရခဲ့ပါဘူး



အားတင်းရင်းနဲ့ ......



ဒါဘ၀ပဲ



တစ်ခါတစ်လေ



လေပြေလေညင်းတွေရှိသလို



တစ်ခါတစ်လေ



မုန်တိုင်းတွေလည်းထန်မှာပေါ့



လဲကျသွားရင်ပြန်ထရမယ်



စိတ်ညစ်ရတဲ့ အခါကြုံသလို



ပျော်ရွှင်ရတာတွေလည်းရှိပါတယ်



ငိုကြွေးရတာတွေနဲ့ အတူ



ရယ်မောခြင်းတွေလည်းရှိပါရဲ့



နှိမ့် ချည်မြင့် ချည်



လင်းလိုက်မှောင်လိုက်



အားတင်းရင်းနဲ့ .......



ဘာဖြစ်လဲ??



တချို့ အရာတွေ ဟာ



ဆန့်ကျင် ဘက်ဆိုးကျိုးတွေကြောင့်



ဂုဏ်သတ္တိတွေ တန်ဘိုးတွေမြင့်လာကြတာ



မှောင်မှိုက်ခြင်းတွေသာ မရှိခဲ့ ရင်



အလင်းရောင်ဟာ



ဒီလောက်တန်ဘိုးရှိမယ် မထင်ဘူး



ဝမ်းနည်းမှုတွေကြောင့်သာ



ငါတို့ရဲ့ ပျော်ရွှင်ချိန်တွေ ဟာ



အရသာရှိရှိနဲ့ချိုမြိန်နိုင်တာ



ကျရှုံးမှုတွေကြားကမှ



တန်ဘိုးအရှိဆုံး အောင်မြင်မှုကို



ထုဆစ် လုယူရ မှာပေါ့



ပစ္စုပန် ရဲ့ ခက်ခဲတဲ့ အချိန်တွေဟာ



အနာဂတ်ရဲ့ ၀မ်းနည်းဖွယ် ပုံပြင်ကောင်းလေးတွေပါ....ပဲလေ



အားတင်းရင်းနဲ့...
                                    ဆက်လက်တင်ဆက်မှူ
                                                                         အောင်မျိုး

No comments:

Post a Comment