မလေးသျှားကဂိန်းစတားတစ်ယောက်ပုံပါ

မလေးသျှားကဂိန်းစတားတစ်ယောက်ပုံပါ
Mr.aungmyo

Tuesday 10 July 2012

လောကနီတိ(၁)


                            အောင်မျိုး
နံပါတ်စဉ်ကို တခုစီဖတ်ပြီးတဲ့ အချိန် ဆင့်ပွားတွေးပါ။ ဒါပေ့မယ် အတွေးမလွန်ပါစေနဲ့။
ကိုယ့်ကိုကိုယ် ဆန်းစစ်ပါ။ ယုံကြည်မူ မလွန်ကဲပါစေနဲ့။
ကိုယ်တိုင် ကိုယ်ကျ စဉ်းစားကြည့်ပါ။ ကိုယ့်ကိုကိုယ် မညာပါနဲ့။ ကျွန်တော် တွေးမိသလောက် ပြန် ပြောကြည့်တာပါ။ ကျွန်တော်တော့ ဒီအချက်တွေနဲ့ ဒီစာအုပ်ကို ဖတ်လိုက်ပါတယ်။ စာဖတ်သူတို့ရော ဘယ်လို အတွေးကိုယ်စီနဲ့ ဖတ်ဖြစ်ကြလည်း comment လေး ထားခဲ့ရင် ကောင်းမယ်။



  • သူယုတ်မာကို အချစ်မလွန်ရာ။
  • သူယုတ်မာသည် ထိပ်တင်ခေါင်းရွက် မြှောက်စားခံရသော်လည်း မချေမငံ ဆူဆူညံညံ ပြုတတ်၏။

  • Do not love the unvirtuous too much.
  • Even though praised highly, the wicked may act impolitely and boisterously.

  • မြွေသည် အမျက်လွန်၏။
  • မြွေထက် သူယုတ်မာသည် ပို၍ အမျက်လွန်၏။
  • မြွေကို မန္တာန်ဆေးဝါးဖြင့် ငြိမ်းစေနိုင်သော်လည်း သူယုတ်မာကို ငြိမ်းစေနိုင်သည့် ဆေးမရှိချေ။

  • The snake is extreme in anger.
  • The wicked is more furious than the snake.
  • Though the snake can be subdued by charm and drugs , there is no remedy for subduing of the wicked.

  • မိမိမိုက်လျက် မိုက်မှန်းသိသူကို ပညာရှိဟု ဆိုအပ်၏။
  • မိမိမိုက်လျက် ပညာရှိဟု အထင်ရောက်သူကိုမူ သူမိုက်ဟု ဆိုအပ်၏။

  • One who knows himself of his foolishness, may be said to be the wise.
  • One who thinks of himself as the wise even though he is foolish may be said to be the foolish.

  • သူမိုက်သည် သူပြုခဲ့သော မကောင်းမှုများ အကျိုးမပေးသေးသမျှ အကုသိုလ်ကို ပျားရည်ဟု တွေးထင်တတ်၏။
  • သူပြုသောမကောင်းမှုကြောင့် ဆိုးကျိုးများ ကျရောက်ချိန်တွင်မူကား ဆင်းရဲဒုက္ခ ရောက်ရတော့၏။

  • The foolish thinks his evil deeds as honey so long as there occurs no due results for his evil deeds.
  • When bad results occured due to his evil deeds, then he gets into trouble.

  • လူမိုက်သည် ခွန်အားရှိလျှင် သူတစ်ပါး ဥစ္စာကို အနိုင်အထက် လုယူတတ်၏။
  • ပညာနည်းသော ထိုသူမိုက်သည် သေလွန်ပြီးသော် ငရဲသို့ ရောက်ရ၏။

  • The fool, if he is stronger, may plunder others possessions by force.
  • After death that fool of less knowledge lands in hell.

  • အိမ်ယာထောင်ထား အကြင်ယောကျာ်းသည် ပျင်းရိမူမကောင်း။
  • ရဟန်းသည် ကိုယ်နှုတ်နှလုံးကို စောင့်ထိန်းခြင်းမရှိမူ မကောင်း။
  • မင်းအစိုးရသည် မဆင်မခြင် ပြုလေ့ရှိလျှင်မကောင်း။
  • ပညာရှိသည် အမျက်ထွက်တတ်မူမကောင်း။

  • A family man who is lazy is not good.
  • A monk who does not control thought, world and deed in unvirtuous.
  • An authority who acts wantonly is not good.
  • A sage, given anger is not good.

အကြင်အရပ်၌-
  • နောက်လိုက်မရှိ၊ ခေါင်းဆောင်ချည်းသာများအံ့။
  • နာခံသူမရှိ၊ ပညာရှိဆရာ လုပ်လိုသူချည်းသာများအံ့။
  • နှိမ့်ချသူမရှိ၊ အကြီးအမြတ် ဖြစ်လိုကြသူများသာဖြစ်အံ့။

-ထိုသူတို့ လုပ်သမျှ ကိစ္စအ၀၀ သည် ပျက်စီးရတတ်၏။

A place,

  • Where there are no followers but all are leaders.
  • Who want to act wise with no listener,
  • To be great with no one humble is bound to see the ruin of whatever is done.
မင်းအစိုးရမည်သည် -

  • တိုင်းပြည်၏ အခွန်အတုတ်ရမရ၊ မျိုးရိက္ခာ ပြည့်စုံခြင်းရှိမရှိ ကိုယ်တိုင်သိအောင် ပြုရာ၏.
  • အမှုထမ်းများ တာဝန်ကျေအောင် ထမ်းဆောင်ခြင်း ရှိမရှိကိုလည်း ကိုယ်တိုင်သိအောင်ပြုရာ၏။
  • နှိမ့်ချ အရေးယူထိုက်သူများကို နှိမ့်ချ အရေးယူ၍ ချီးမြှောက်စားထိုက်သူများကို ချီးမြှောက်စားရာ၏။

Government must be directly in the know-

  • If revenue is received or not and if seeds and food supplies are sufficient or not.
  • If those in service are dutiful or not.
  • If those on whom action must be taken is taken and those worthy of reward are reward.
  • ဥစ္စာမရှိဘဲ အစားမကြူးရာ။
  • ခွန်အားမရှိဘဲ အသတ်အပုတ် မကြိုက်ရာ။
  • ပညာမရှိဘဲ စကားများစွာ မဆိုရာ။

  • Without wealth, be not excessive in eating.
  • Without strength, love not fighting.
  • Without learning, speak not too much.

  • မဖိတ်ခေါ်ဘဲ သူတစ်ပါး အိမ်သို့ ကြိမ်ဖန်များစွာ မသွားရာ။


  • သူမမေးဘဲ များစွာ မပြောရာ။
  • မိမိဂုဏ်ကို ထုတ်ဖော် ၀ါကြွားပလွှားခြင်း မပြုရာ ။ (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်)

  • Don't visit another's house frequently without being invited.
  • Don't talk too much without being asked.
  • Don't extol and boast of oneself.
  • (Don't blow one's own trumpet.)

  • ရေမပြည့်သော အိုးသည် ဘောင်ဘင် ခတ်တတ်၏။
  • ပညာနည်းသော သူသည် ထင်ရှားပြတတ်၏။

  • A half-empty vessel makes more sound.
  • A person not fully educated tends to show off.

  • သမုဒ္ဒရာသည် ရေ၌ မရောင့်ရဲ။
  • မျက်စိသည် ချစ်သောသူကို မြင်ခြင်း၌ မရောင့်ရဲ။
  • ပညာရှိသည် စကားကောင်း၌ မရောင့်ရဲ။

  • The ocean is not contented in receiving water.
  • The eye is not contented in seeing the beloved.
  • The wise is not contented in good speech.

  • စစ်မြေပြင်အရပ်၌ ရဲရင့်သူကို အလိုရှိ၏။
  • လှို့ဝှက်သော ကိစ္စ၌ နှုတ်လုံသူကို အလိုရှိ၏။
  • စားကောင်းသောက်ဖွယ် စားသောက်ရချိန်၌ ချစ်ခင်သူကို အလိုရှိ၏။
  • ခက်ခဲနက်နဲသော အရေးကိစ္စကြုံတွေ့ရချိန်၌ ပညာရှိကို အလိုရှိ၏။
  • သူယုတ်မာသည် သူတော်ကောင်းကို တွေ့မြင်လျှင် ချုပ်ချယ် ညှဉ်းဆဲ ခြင်း ပြုလို၏။

  • On the Battlefield the brave are wanted.
  • In secret matters one who keeps his tongue is wanted.
  • At a feast , one loved is wanted.
  • In difficult and profound matters one learned is wanted.
  • The wicked on seeing the virtuous wants to oppress and persecute him.

  • အမှုကိစ္စဟူသမျှကို အလျင်စလို မပြုရာ၊ အလျင်စလို ပြုခဲ့သော် နောင်မှ ပူပန်ရတတ်၏။
  • ကျဉ်းမြောင်း၍ မစင်အတိ ပြီးသော နေရာ၌ နေရခြင်းသည် ဆင်းရဲ၏။
  • ထို့ထက် မချစ်မနှစ်သက်သော သူနှင့် အတူတကွနေရခြင်းသည် ပို၍ ဆင်းရဲ၏။
  • ထိုထက် သူ့ကျေးဇူးကို မသိတတ်သူနှင့်နေရခြင်းက ပို၌ ဆင်းရဲ၏။

  • Nothing should be done in haste. If it is done hastily one could worry later.
  • Staying in a narrow place full of faeces is suffering.
  • More so is staying together with one hated.
  • Still more so is staying together with the ungrateful.
  • ဆုံးမသင့်သည်ကို အမြဲ ဆိုဆုံးမရာ၏
  • ယုတ်မာသော အကျင့်ကိုလည်း တားမြစ်ရာ၏
  • ထိုသို့ ဆုံးမ တားမြစ်တတ်သူကို သူတော်ကောင်းတို့ နှစ်သက်လိုလားကြာ၏ ။ သူယုတ်မာတို့ကား မနှစ်သက်ကြချေ။

  • Always admonish where it is due.
  • Deter wicked ways.
  • One who does so is liked by the virtuous , but disliked by the wicked.

  • နှစ်လင်သုံးလင်ပြောင်းသော မိန်းမ၊
  • နှစ်ကျောင်းသုံးကျောင်းပြောင်းသော ရဟန်း၊
  • နှစ်ကြိမ်သုံးကြိမ် ကျော့ကွင်းမှ လွတ်ဖူးသောငှက်၊
ဤသူတို့ကား မာယာများတတ်၏။

  • The woman , who changes two or three husbands,
  • The priest, who changes tow or three monasteries,
  • The bird which escapes from traps twice or thrice,

These may have many deceits.

  • ဆိုးသွမ်းယုတ်မာသူကို ရိုက်ပုတ်ဒဏ်ခတ်ခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
  • မကောင်းသော အဆွေခင်ပွန်းကို အဆက်အဆံ မပြုလုပ်ဘဲနေခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
  • မကောင်းသော မားကို ငွေကြေးဥစ္စာမအပ်နှင်းခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
  • အစားအစာ တပ်မက်လွန်ကျူးသူကို အစားလျှော့၍ ကျွေးခြင်းဖြင့် ယဉ်ပါးစေနိုင်၏။

  • The wicked may be tamed by beating,
  • The bad friend by quitting,
  • The bad wife by not giving wealth,
  • The greedy by reduction of food.

  • လရောင်မှ ကင်းသော ညသည် မတင့်တယ်။
  • လှိုင်းတံပိုးမှ ကင်းသော သမုဒ္ဒရာသည် မတင့်တယ်။
  • ဟင်္သာမှ ကင်းသော ရေကန်သည် မတင့်တယ်။
  • လင်မှကင်းသော သတို့သမီးသည် မတင့်တယ်။

  • The night without moon is disgraceful.
  • The ocean without waves is disgraceful.
  • The pond without ducks (Hamza) is disgraceful.
  • The maiden without husband is disgraceful.

  • ဖုန်းတောင်းယာစကာများအဖို့ နေ့ရောညပါ အိပ်စက်ကြစေကာမူ ၊
  • သာမန် ရပ်သူရွာသားများ အဖို့ ညဥ့်သုံးယာမ်စလုံး အိပ်စက်ကြစေကာမူ၊
  • မှူးမတ် ပညာရှိများသည်ကား ညဥ့်သုံးယာမ်တွင် နှစ်ယာမ်သာလျှင် အိပ်စက်ရာ၏၊
  • ပြည့်ရှင်မင်းသည်ကား ညဥ့်သုံးယာမ်တွင် တစ်ယာမ်သာလျှင် အိပ်စက်ရာ၏

  • Though beggars sleep day and night,
  • The commons sleep the entire night,
  • The ministers and the wise may sleep two watches,
  • And the king but one.
  • ပစ္စည်း ဥစ္စာကြွယ်ဝချမ်းသာသူလည်း မရှိသော၊
  • အကြားအမြင်နှင့် ပြည့်စုံသူ ပညာရှိသူလည်း မရှိသော၊
  • အုပ်စိုးသူမင်းအစိုးရလည်းမရှိသော၊
  • မြစ်ကြောင်းကန်ချောင်းလည်းမရှိသော၊
  • ဆေးဝါးသမားလည်းမရှိသော၊
ဤအရပ်ဒေသမျိုးတွင် တစ်နေ့တစ်ရက်မျှ အခြေချမနေအပ်။

One should not live even a day in a place-

  • Without the wealthy,
  • Without the learned,
  • Without government,
  • Without rivers,
  • Without medicines and physicians.

  • မြတ်နိုးသူမရှိသော အရပ်၊
  • ချစ်ခင်သူမရှိသောအရပ်၊
  • အဆွေခင်ပွန်းမရှိသောအရပ်၊
  • အတတ်ပညာ သင်ကြားပေးသူ မရှိသောအရပ်၊
  • ထိုအရပ်မျိုး၌ တစ်နေ့တစ်ရက်မျှ မနေအပ်။
One should not stay even a day in a place.

  • Without person adored,
  • Without person attached,
  • Without relative,
  • Without teacher.

  • ယောက်မသည် ဟင်း၏ အရသာကို မသိသကဲ့သို့ သူမိုက်သည် ပညာရှိအား အသက်ထက်ဆုံး ဆည်းကပ်သော်လည်း သူတော်ကောင်းတရားကို မသိချေ။
  • လျှာသည် ဟင်း၏ အရသာကို သိသကဲ့သို့ လိမ္မာရေးခြားရှိသူသည် ပညာရှိအား တစ်ခဏမျှ ဆည်းကပ်ရမူ သူတော်ကောင်းတရားကို လျင်မြန်စွာ သိ၏။

  • Just as the ladle know not the taste of the curry, the foolish knows not Dhamma, even though close to the wise for life.
  • Just as the tongue knows the taste of the curry, so also does the clever one know the Dhamma promptly, even by associating shortly with the wise.

  • လက်နက်မပါဘဲ စစ်မြေသို့ မသွားရာ။
  • ကျန်းဂန် အထောက်အထား မရှိဘဲ စကားမဆိုရာ။
  • အဖော်မပါဘဲ ခရီးဝေးမသွားရာ။

  • Go not to the battle field without arms.
  • Speak not without references to treatises.
  • Travel not afar without companion.

  • အရေးအခွင့် ရောက်သည်နှင့် လျော်ကန်သော စကားကို ပြောဆိုရာ၏။
  • ကိုယ်နှင့် လျောက်ပတ်သော ချစ်အပ်သူကို ရှာရာ၏။

  • Speak appropriately when opportune.
  • Fine one who is suited and should be loved.

  • သူတော်ကောင်းတို့၏ ဥစ္စာသည် နည်းပင်နည်းငြားသော်လည်း တွင်းမှရသော ရေချိုကဲ့သို့ သူတစ်ပါးတို့ သောက်သုံးမှီခိုရ၏ ။
  • မသူတော်တို့ ဥစ္စာသည်ကား များပင်များငြားသော်လည်း သမုဒ္ဒရာ ရေကဲ့သို့ သောက်၊ သုံး မှီခိုရာမရနိုင်.။

  • Little as the wealth of the virtuous may be, it can be used as good water from a well.
  • But much as the wealth of the nonvirtuous can be not useful as water from the ocean.

  • မြစ်တို့သည် ရေကို မသောက်ကုန်။
  • သစ်ပင်တို့သည် အသီးကို မစားကုန်။
  • သူတော်ကောင်းတို့၏ ဥစ္စာသည်လည်း သူတစ်ပါးတို့၏ အကျိုးအတွက် ဖြစ်၏။

  • Rivers do not drink water.
  • Trees do not eat fruit.
  • The wealth of the virtuous is for the benefit of others.

  • မတောင့်တအပ်သည်ကို မတောင့်တရာ။
  • မကြံစည်အပ်သည်ကို မကြံစည်ရာ။
  • တရားသဖြင့်သာလျှင် ကောင်းစွာ ကြံစည်ရာ၏။
  • အချိန်ကို အချည်းနှီးအလဟသာ မကုန်ဆုံးစေရာ။


  • Crave not for what should not.
  • Think not for what should not.
  • Think well in just way.
  • Do not pass away the time in futility.
  • သစ်ပင်၏အရိပ်သည် အေးချမ်း၏
  • ထိုထက် ဆွေမျိုးမိဘအရိပ်က ပို၍ အေးချမ်း၏
  • ထိုထက် ဆရာသမားအရိပ်က ပို၍ အေးချမ်း၏
  • ထိုထက် မြတ်စွာဘုရား အရိပ်က အဆများစွာသာလွန် အေးချမ်း၏

  • The refuge of the tree is cool.
  • Even more is the refuge of parents and relatives.
  • Even more is the refuge of the teacher.
  • Far more is the refuge of Buddha.

  • ပျားပိတုန်းတို့သည် ပန်းကို အလိုရှိကုန်၏
  • သူတော်ကောင်းတို့သည် ဂုဏ်ကျေးဇူးကို အလိုရှိကုန်၏
  • ယင်ကောင်တို့သည် အပုပ်ကို အလိုရှိကုန်၏
  • သူယုတ်တို့သည် အမျက်ဒေါသကို အလိုရှိကုန်၏

  • Bees want flowers.
  • The virtuous want virtue.
  • Flies want the putrid.
  • The wicked want anger.

  • အမိအဘတို့၏ အဆုံးအမကို မရမူ ကိုနှုတ်အမူအရာ ကြမ်းတမ်း၏
  • အမိအဘတို့၏ အဆုံးအမကို ကောင်းစွာရမူ ကိုယ်နှုတ် အမူအရာ လိမ္မာယဉ်ကျေး၏

  • Deprives of parental teachings, one tends to be harsh in words and deeds.
  • Benefited by parental teachings one is gentle in words and deeds.

  • အမျက်ဒေါသကို ဖြေဖျောက်နိုင်လျှင် စိုးရိမ်ခြင်း ကင်းရ၏
  • သူ့ကျေးဇူးကို ဆိုတတ်လျှင် သူတော်ကောင်းတို့ ချီးမွမ်းကုန်၏
  • ကြမ်းကြုတ်သော စကားကို သည်းခံခြင်းသည် မြတ်၏

  • Dissolving anger frees one from worry.
  • Expressing one's gratitude is praised by the virtuous.
  • Tolerating rude words is virtuous.


  • မိန်းမ၌ တပ်မက်လွန်ကြူးမူသိက္ခာ သီလမရှိနိုင်။
  • သူ့အသက် သူ့အသား အစားလွန်ကြူးမူ အသနားမရှိနိုင်။
  • အရက်သေစာ အသောက်အစားလွန်ကြူးမူ စကားမမှန်နိုင်။
  • လောဘရမ္မက် ကြီးလွန်းမူ အရှက် မရှိနိုင်။
  • အပျင်းကြီးလွန်းမူ အတတ်ပညာ မဆည်းပူးနိုင်။

  • The over-sexed has no honour.
  • The over-carnivorous has no pity.
  • The over-imbibed has no truthful world.
  • The over-avariced has no shame.
  • The over-lazy has no education

ဥစ္စာစည်းစိမ် ပျက်စီးဆုံးရှုံးရခြင်း၏ အကြောင်းရင်းတို့သည်ကား -
  • အရက်သေစာ အသောက်အစားလွန်ကြူးခြင်း။
  • အချိန်အခါမဟုတ် အလည်အပတ်အသွားအလာများခြင်း။
  • သဘင်ပွဲလမ်း အပျော်အပါး အသွားအလာများခြင်း။
  • အလောင်းအစား ကစားများခြင်း ။
  • မကောင်းသော အဆွေခင်ပွန်းတို့၌ အပေါင်းအဖော်များခြင်း။
  • ထကြွလုံ့လမရှိ ပျင်းရိဖင့်နွဲ့ခြင်း ။
- တို့ပေတည်း။

The causes of ruin are-

  • Over-intoxication.
  • Over- indulgence in untimely visits.
  • Over-enjoyment of entertaining pleasure.
  • Over-gambling.
  • Over-association with the bad.
  • Over-procrastination and laziness.



  • တတ်လှစွာသော စောင်းသမားသည် စောင်းနှင့်ငါးရက် ကင်းကွာမူ စောင်းတီးပျက်တတ်၏။
  • တတ်လှစွာသော လေးသမားသည် လေးနှင့် ခုနှစ်ရက် ကင်းကွာမူ လေးမြားချိန်သား ပျက်တတ်၏။
  • အိမ်သူမယားကောင်းသည် လင်နှင့် တစ်လကင်းကွာမူ အမူအကျင့်ဖောက်ပြားတတ်၏။
  • တပည့်တို့သည်ကား ဆရာနှင့် တစ်လခွဲမျှ ကင်းကွာမူ ပညာရည်ပျက်တတ်၏။

  • A good harpist may lose skill after separation of five days from harp.
  • A good archer may lose skill after separation of seven days from bow.
  • A good wife may lose in the haviour after separation of one month from her husband.
  • Pupils may lose in qualification after separation of about half a month from teacher.

  • ကျွဲသည် ရွံ့ညွန်၌သာ မွေ့လျော်၏။
  • ဟင်္သာသည် ရေကန်၌သာ မွေ့လျော်၏။
  • မိန်းမသည် ယောကျာ်း၌သာ မွေ့လျော်၏။
  • ရဟန်းသည် တရား၌သာ မွေ့လျော်၏။

  • Buffalo delights in mud.
  • Duck delights in pond.
  • Woman delights in man.
  • Priest delights in virtue. (Dhamma)

  • ထမင်းကို အစာကြေမှ ချီးမွမ်းရာ၏။
  • မယားကို အရွယ်လွန်မှ ချီးမွမ်းရာ၏။
  • စစ်သည် ရဲမက်ကို စစ်အောင်ပြီးမှ ချီးမွမ်းရာ၏။
  • ကောက်နှံစပါးကို ကျီသို့ရောက်မှ ချီးမွမ်းရာ၏။

  • One should praise meal after being digested.
  • One should praise wife after she is over age.
  • One should praise solider after winning battle.
  • One should praise paddy after being harvest and stored in ware-house.


  • စာပေကျမ်းဂန်မန္တာန်ဂါထာတို့သည် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း မပြုလျှင် ပျောက်ပျက်တတ်၏။
  • ထကြွလုံ့လ ၀ီရိယမရှိလျှင် စည်းစိမ်ဥစ္စာသည် ဆုတ်ယုတ်ကုန်ခန်းတတ်၏။

  • Scriptures and mantras not recited get lost.
  • Wealth, without being industrious may diminished and perish.

  • အဆင်းလှသူအတွက် ပျင်းရိခြင်းသည် အညစ်အကြေးတည်း။
  • တရား အားထုတ်သော ရဟန်းအတွက် မေ့လျော့ခြင်းသည် အညစ်အကြေးတည်း။

  • Laziness is a taint to good appearance.
  • Forgetfulness is a taint to the ascetic.

  • လုံ့လမရှိသော သူတို့၏ ဥစ္စာကား လုံ့လကြီးသူတို့ထံ ဧကန်မလွဲရောက်မြဲဖြစ်၏။
  • လူပျင်းလူညံ့ တို့သည်ကား အပတ်တကုတ် အားမထုတ်ပဲ ရှေးအတိတ်ကံသာ အားကိုးရာ ပဓာနဟု ဆိုစမှတ်ပြုကြကုန်၏။

  • The property of the non-industrious will inevitably get into the hands of the in dustrious.
  • The lazy and stupid usually say that previous fate alone is enough to rely on without making any effort.

  • လူတော်လူကောင်းတို့သည် ပြုဖွယ်ကိစ္စ မှန်သမျှကို လုံ့လစိုက်ထုတ်အားထုတ်ကြိုးပမ်း စွမ်းစွမ်းတမံ ဆောင်ရွက်တတ်ကြကုန်၏။
  • ကြံတိုင်းမအောင် ဆောင်တိုင်းမမြောက်ခဲ့လျှင်လည်း ကဲ့ရဲ့ငြိုငြင် ပြစ်တင်ဒေါသ အဘယ်မှာလျှင် ခံရဖွယ်ရှိအံ့နည်း။

  • The good and diligent put their energies into what ever they do.
  • If all endeavours arrive at not fruitful end, no blame or anger is placed on



.


No comments:

Post a Comment