ငါနင့် ကိုချစ်တယ် နင်လည်းငါ့ ကို
ချစ်တယ်
အချစ်နဲ့ အချစ်ကို ပေါင်းစပ်လို့ 
ဘဝတစ်ခုကို ငါတို့ စမယ်.
မိုးရွာရင်ထီးမိုးပေးမယ်
နေပူရင်တော့ သစ်ရိပ်အောက်မှာနားမယ်
နေစရာမရှိရင်ထဲထိုးမယ်
ဘဝမှာ လစ်ဟာမူ့ မရှိအောင်
ငါတို့ ကြိုးစားမယ်
မောင်ထမ်းရင် မယ်တစ်ရွက်
နင်ငတ်ရင် ငါလည်းငတ်မယ်
ဆိုးအတူကောင်းအဖက်
တစ်သက်စာငါတို့ ပေါင်းကြမယ်
ဖိနပ်တရံ
နင်တဖက် ငါတဖက်စီးမယ်
ဘဝလှေ
လှော်တစ်ခတ်စီ ခတ်မယ်
အချစ်ကို အဖော်ပြုလို့ ဘဝကို
စုန်ဆန်မြူးမယ်
ငါသေရင် နင်မငိုနဲ့ 
နင်သေရင် ငါလည်းမငိုဘူး
တရားဘာဝနာကို လက်ကိုင်ပြုလို့ 
သေချင်းတရားကို
စိမ့် စိမ့် ရှူလို့  နင်နဲ့ ငါ အပြန်အလှန်
အမျှတွေဝေကြမယ်
သံသရာတစ်လျှောက် ဘယ်တော့ မှပြန်မမှတ်မိ
နိုင်တော့ တဲ့  ဘဝနှစ်ခုအတွက်
အပင်ပန်းခံ သစွာတွေမဆိုဘူး
လက်တွေ့ ဖြစ်တဲ့ 
ဒီဘဝမှာပဲ နင်နဲ့ ငါအချစ်ကြိုးတွေ
ဖောင်ဖွဲ့ ကြမယ်
ဘယ်တော့ မှ ရန်မပါတဲ့ အချစ်တွေနဲ့ ပဲ
ငါတို့ ထွက်သက်ရပ်တဲ့ အထိ
ဆက်ချစ်သွားမယ်
အနှောင်အဖွဲ့ တစ်ခုမှ မပါတဲ့ အချစ်တွေနဲ့ ပဲ
ဘဝကို ရဲရဲရင်ဆိုင်ကြမယ်
ငါပြောတာတွေကို
နင်လက်ခံနိုင်တယ်ဆိုရင်
ငါဘဝထဲ အချိန်မရွေးသာ
ဝင်ရောက်လာခဲ့ ......
No comments:
Post a Comment